မိုးကုတ်မြို့  မင်းဘုရားတောင် ချမ်းသာကြီး မြတ်စွာဘုရား ရာပြည့်  ပွဲတော်အထိမ်းအမှတ် ရွှေသားအတိ စေတီတော်နှင့် ငွေသားအတိစေတီတော်
နှစ်ဆူအား မြို့ နေလူထု အများကောင်းမှုကြောင့် စေတီတော်နှစ်ဆူအား သွန်းလုပ် ပြီးစီးခဲ့ ပြီး ဖြစ်ပါ သည်။ ရွှေစေတီတော် နှင့် ငွေစေတီတော် မြတ် နှစ်ဆူအား
(၁၅.၁.၂၀၀၉)ရက်နေ့တွင် မိုးကုတ်မြို့ တွင်းသို့ လှည့် လည်ပူဇော်ခံခဲ့ပါသည်။ စေတီတော်နှစ်ဆူအား မြို့ တွင်း ပူဇော်ခံ ရာတွင် ဒေသခံတိုင်းရင်းသား
များက ရတနာပုံ ၀င်း ၊ ပုဂံဝင်း ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု ၀င်း၊ ပလောင်တိုင်းရင်းသား ၀င်း ၊ လီဆူ ၊ ဂေါ်ရခါး ယဉ်ကျေးမှုအဖွဲ့ နှင့် သက်ဆိုင်ရာ အဖွဲ့ အသီးသီး
မှ ၀င်းအလှ ခင်း၍ စေတီတော် နှစ်ဆူအား မြို့ တွင်းသို့ လှည့်လည် အပူဇော်ခံ ခဲ့ပါသည်။ (၁၆.၁.၂၀၀၉) ရက်နေ့တွင် မိုးကုတ်မြို့  ကျပ်ပြင်အနောက်ပိုင်းသို့ လည်း
ပူဇော်ခံ ကြွခဲ့ပါသည်။
မိုးကုတ်မြို့ ၏ မင်းဘုရားတောင်ချမ်းသာကြီး မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ရာပြည့် ပွဲတော်အား ဤနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်
ပါသည်။ ဤနှစ်၏ ထူးခြားချက်မှာ ပွဲတော် (၁၀)့ ရက်ကျင်းပ၍ ပထမ (၅) ရက်အား ဆရာတော်ဥူးသုမင်္ဂလ မှ မိုးကုတ်ဝိပဿနာ တရားရေအေး (၅) ရက်တိုက်ကျွေးမည်
ဟု လည်းသိရပါသည်။ ပွဲတော် အတွင်းတွင် ပျော်ပွဲ ရွင်ပွဲနှင့် မီးရှုးမီးပန်းအလှ များ ဇာတ်သဘင် ..နှင့် မြန်မာ့ ခြင်း ၊ ချောတိုင်ပြိုင်ပွဲ ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများလည်း စည်
ကားစွာ ကျင်းပမည်ဟုသိရပါသည်။
Friday, January 16, 2009
ရွှေစေတီတော် ငွေစေတီတော် ပင့်ဆောင်ပွဲ
Posted by Ruby Land Group at 8:27 PM 2 comments
Thursday, December 11, 2008
မင်းဘုရားတောင် ချမ်းသာကြီးမြတ်စွားဘုရား ဗုဒ္ဓပူဇနိယ ပွဲတော် နှစ်တစ်ရာပြည့်ပြီ
မိုးကုတ်မြို့ မင်းဘုရားတောင် ချမ်းသာကြီး မြတ်စွားဘုရားကြီး ဗုဒ္ဓပူဇနိယနှင့် မြို့ နယ်လုံးကျွတ်သံဃာတော်များအား ဖျာပုံဆွမ်းလောင်း ပွဲတော်သည်လာမည့်
တပို့တွဲလတွင် နှစ်တစ်ရာ ပြည့်ခဲ့ပြီဖြစ်ပါသည်။(၁၂၇၀) ခုနှစ်တွင် စတင်ကျင်းပခဲ့သော ဤဗုဒ္ဓပူဇနိယ ပွဲတော်သည် ယခုနှစ် (၁၃၇၀ )တွင် နှစ်တစ်ရာ တင်းတင်းပြည့်ခဲ့ပြီဖြစ်လေသည်။
ရာပြည့် ပွဲတော် အတွက် ရွှေစင်သားအတိ စေတီတော် နှင့် ငွေသားအတိ စေတီတော် နှစ်ဆူကို ပန်းတိမ်ပညာ ရှင်များနှင့် သွန်းလုပ်ပူဇော် လျက်ရှိပါသည်။
ငွေစေတီတော် တစ်ဆူမှာ သွန်းလုပ်ပြီးစီကြောင်းသိရသည်....ရွှေစေတီတော်မှာ ဆက်လက်သွန်းလုပ်ပူဇော်လျှက်ရှိကြောင်း ဂေါပကအဖွဲ့  တာဝန်ရှိလူကြီးများက ပြောပြပါသည်။
ချမ်းသာကြီး စေတီတော်မြတ်ကြီးကိုလည်း ရွှေသင်္ကန်းကပ်လှူပူဇော် လျက်ရှိသည်...တပို့တွဲအမှီ ကပ်လှူလျက်ရှိပါသည်။ စေတီတော်ကြီး၏ စိန်ဖူးတော်ကို လည်း အများပြည်သူ အနီးကပ်
ဖူးမျှော်ခွင့် ရနိုင်ရန်အတွက် အာရုံခံအတွင်း တွင် ပူဇော်ခံလျက်ရှိပါသည်။
ရာပြည့်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် မြို့ မိမြို့ ဖ နှင့် ဂေါပကလူကြီး များ တိုင်ပင်ဆွေးနွေးရန် ရက်မသတ်မှတ်ရသေးကြောင်းသိရသည်...ပွဲတော်
ရက်အား ပြောင်းလဲခြင်းတော့မရှိကြောင်းသိရသည် အရင်ကျင်းပရက် တပို့တွဲလဆန်း (၁၁) ရက်မှာ (၁၅)ရက်ထိ နှစ်စဉ် ကျင်းပသည့် အတိုင်း ကျင်းပမည်ဟုသိရသည်။ယခုနှစ် ရာပြည့်
ပွဲတော် အရင်နှစ်များနှင့်မတူ တမူထူးခြားမည် ဖြစ်ကြောင်း သိရသည်....
ဤ ရာပြည့်ပွဲတော် အတွက် အထူးခြားဆုံး တစ်ခု အဖြစ် ရွှေစေတီ နှင့် ငွေစေတီ သွန်းလုပ်ချိန်အတွင်း အများပြည်သူများပါဝင် ကုသိုလ်ရရှိနိုင်ရန်အတွက် နှစ်တစ်ရာပြည့်ပွဲ
တော်အမှီ ပါဝင်လှူဒါန်းနိုင်ရန်အတွက် ကျွန်တော်တို့ RUBYLAND GROUP မှ နိဗ္ဗာန် အကျိုးမျှော်၍ နိုးဆော်လိုက်ရပါသည်။ ရွှေစေတီ ငွေစေတီ တော်အတွက် နိုးဆော် ထားပုံ
ချမ်းသာကြီး စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား အာရုဏ်ခံအတွင်း ပူဇော်ခံထားပုံ
ရွှေစင်သားအစစ် ရွှေစေတီ အား ဆက်လက် သွန်းလုပ် ပူဇော်လျှက်ရှိသည်။
သွန်းလုပ်ပြီးစီးသွားသော ငွေစေတီ တော်
ရွှေသင်္ကန်း ကပ်လှူပူဇော် နေ သော ချမ်းသာကြီးစေတီတော်မြတ်
Posted by Ruby Land Group at 4:15 PM 0 comments
Friday, October 31, 2008
Better Gmail 2
Step 1
better Gmail 2 0.7 ကို download ရပါမယ်။ googleက search boxမှာလည်း better gmail 2 လို့ ရိုက်ထည့်ပြီး ရှာလို့ ရပါတယ်။ ဒါမှ မဟုတ်ရင်လည်း ဒီ https://addons.mozilla.org/en-US/firefox/addon/6076 မှာ Better Gmail 2 0.7 ခေါင်းစဉ်အောက်က Add to Firefox ဆိုတာလေးကို click နှိပ်ပြီး download လုပ်လိုက်ပါ။

Step 2
Add to Firefox ကို download လုပ်တဲ့အခါ နောက်ထပ် windows တစ်ခု တက်လာပါလိမ့်မယ်။ install ကို click ပြီးလို့ install loading ပြည့်သွားတဲ့အခါ restart firefox ကို click ထပ်ပေးရပါမယ်။

Step 3
restart ချပြီး firefox ပြန်တက်လာတဲ့အခါ firefox menu ထဲက Tools ကို သွားပါ။ Tools ထဲက add-ons ကို ၀င်လိုက်ပါ။ ဒီ windows လေး ပေါ်လာပါလိမ့်မယ်။ အဲ့ဒီထဲမှာမှ Extensions tab လေးဆီ သွားပါ။ Better Gmail 2 0.7 ကို တွေ့ပါလိမ့်မယ်။ သူ့ options ထဲကို ၀င်လိုက်ပါ။

Step 4
ပုံတွင် ပြထားသည့်အတိုင်း အမှန်ခြစ်လေးတွေ လိုက်ဖြည့်ပါ။




Step 5
အားလုံးဖြည့်ပြီးပြီ ဆိုရင်တော့ ok ပေါ့ဗျာ။ ပြီးလျှင် add-ons windows လေးကို ပိတ်လိုက်ပါ။
Step 6
mozilla firefox ရဲ့ address bar မှာ http://www.google.com ကို ရိုက်လိုက်ပါ။ ပြီးလျှင် Gmail ကို ၀င်ကြည့်ပါ။ Access has been denied ပေါ်လာလျှင် ခဏ စောင့်ကြည့်လိုက်ပါ။ install လုပ်ထားတဲ့ add-ons အလုပ် လုပ်တယ်ဆိုလျှင် http:// က https:// အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပါလိမ့်မယ်။user name and passward ရိုက်ထည့်ပြီးလို့ အောက်ပါပုံအတိုင်း loading လုပ်ခဲ့တယ်ဆိုရင်တော့ better Gmail 2 ကို install လုပ်တာ အောင်မြင်သွားပါပြီ။

အားလုံးပဲ အမြင်သစ်နဲ့ Gmail သုံးကြပါစို့။
Posted by Ruby Land Group at 9:35 AM 0 comments
Labels: မျှဝေခြင်းပါ
Wednesday, October 15, 2008
ပတ္တမြားမြေမှ သီတင်းကျွတ်ညချမ်း
မြို့ ကျက်သရေဆောင်ချမ်းသာကြီးမြတ်စွာဘုရား
မြို့ လေးကိုအပေါ်စီးက မြင်နေရသောပုံ
မြို့ ထဲလမ်းမှာလဲ ဒီလိုစည်နေတယ်
Posted by Ruby Land Group at 11:43 PM 0 comments
Labels: သီတင်းကျွတ်
Wednesday, October 8, 2008
မိုးကုတ်မြို့  တွင် တတိယ အကြိမ်မြောက်ရေ ကြီးခြင်း
အင်းရေနဲ့တပြေးတည်းဖြစ်နေတဲ့ မြို့ လယ်လမ်း
ဆုံးရှုံးသွားတဲ့ အိမ်လေး
ဘောလုံးကွင်းနားက လမ်းတွေလည်းရေတွေဝင်လို့
ရေတွေလျှံနေတယ်
ရေနီချောင်းက အိမ်ထဲကိုဖြတ်စီးနေတယ်
ယနေ့ (၈.၁၀.၂၀၀၈) နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့  တွင် ရေကြီးခြင်း တတိယအကြိမ်ဖြစ်ပေါ်ခဲ့သည်။ဖြစ်ပွားမှုမှာ ရေနီချောင်းတာရိုးကျိုးခြင်းမှအိမ်တစ်လုံး ဆုံးရှုံးခဲ့ပါသည်။
မိုးရာသီတွင် မိုးကုတ်မြို့  ၏ ဆုံးရှုံးမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုကြီးလာပါသည်။ တာဝန်ရှိလူကြီးများလည်း ဤပြဿနာအား နောက်နှစ်
တွင်ဘယ်လို ဖြေရှင်းမလဲဆိုတာကို တော့ ယခုထိမသိရှိရသေးပါ။ အဓိကတော့ ရေနီချောင်းကျိုး ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း၊ ရေနီချောင်းမှ မုံများ မဆည်ခြင်း။
တို့ကြောင့်ဖြစ်ပေါ်လာရသည်ဟု မြို့ ခံလူထုများက ပြောဆိုလျှက်ရှိပါသည်။ ရေနီချောင်းကျိုးခြင်းမှာလဲ အကျိုးတူဖက်စပ်များမှ ထွက်သော ရေဆိုးများကြောင့် ရေနီချောင်း
မုံများပြည့်လျှံလာရခြင်းဖြစ်ပါသည်။
တကယ်လို့ နောက်နှစ် မိုးရာသီတွင် မိုးကုတ်မြို့ တွင် ဘယ်လောက်ဆုံးရှုံးမှုတွေဖြစ်ပေါ်လာအုံးမလဲဆိုတာ မြို့ နေလူထုမှ ရင်တမမ နှင့် စောင့်ကြည့်လျှက်ရှိပါသည်။
Posted by Ruby Land Group at 11:13 AM 0 comments