Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Wednesday, February 18, 2009

ချမ်းသာကြီး ရာပြည့် ပွဲတော် အမှတ်တရ

ချမ်းသာကြီး ဘုရားအား မီးရှုးမီးပန်းဖြင့် ပူဇော်ပုံ
အာရုဏ်ခံအတွင်းတွင် လဲ ကြိတ်ကြိတ်တိုး

မီးရှုးမီးပန်းများ လွတ်တင်ပူဇော် ထားပုံ


၅.၂.၂၀၀၉ မှ ၉.၂.၂၀၀၉ တွင် ကျင်းပသော မိုးကုတ်မြို့  မင်းဘုရားတောင် ချမ်းသာကြီး မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ပူဇော် ပွဲ နှစ်တရာပြည့်ပွဲတော် မှတ်တမ်းပုံများကို
ကျွန်တော်တို့ Ruby Land Gruop မှ ညီအစ်ကိုများမှ တင်ပြလိုက်ရပါသည်။ ဤ ပုံများကို တင်ရန်အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးရပါသည် ထို့ကြောင့် စာဖတ်သူများ
အားအထူးတောင်းပန်ပါသည်။ ခုလတ်တလော အရ ကျွန်တော့်တို့ထံတွင် ရှိသောပုံများကိုသာ တင်ပြလိုက်ရပါသည်။


နေ့လည် ခင်း ဘုရားပွဲတော်လာ ဧည့်ပရိတ်သတ်များ

တောင်ခြေက ဈေးဆိုင်ခန်းတွေကလဲ စည်ကားစွာ

ဘုရားဆောင်းတန်းတွင် လည် လူတွေပြည့်ကြပ်လို့

ပွဲလည်လို့ မ၀သေးဘူး

ဘုရားပွဲ လာရင်း မဲထိုးရင်း ကုသိုလ် ယူကြပုံ

ဖျာပုံ ဆွမ်းလောင်းအလှူခံဌာန ရှေ့ မှာလဲ လူတွေစည်လို့





မန္တလေးမြို့ က ချော တိုင်မင်းသားအစွမ်းပြ တာကို စောင့်ကြည့်နေတာလေ

ပိုက်ကျော်ခြင်း ကလဲ ဆူညံစွာ အားပေးလို့

နှစ်တိုင်း နွှဲပျော် တဲ့ ရိုးရာ ခြင်းခတ် မှာလဲ လက်ခုပ်တီးတံတွေဆူညံလို့

နှစ်တရာ ပွဲတော် အထိမ်းအမှတ်ပြခန်းရှေ့ 
မသိုး သင်္ကန်း ယပ်လုပ် ပူဇော်သော မန်းလေး လှပျိုဖြူများ

ချား ရဟတ် တွေ စီးသူများကလဲ ပျော်ရွှင်လို့
တောင်ကြီး မြို့  ဦးခင်မောင်ထွေး အဖွဲ့  မီးရှူး ပန်းများဖြင့် ဘုရားအား ပူဇော်ပုံ


တောင်ကြီး (ထက်မြက်)အဖွဲ့  မီးရှူးမီးပန်း
မီးရှူး ယမ်းခွေ မလွတ်တင်ခင် အမှတ်တရ
ရိုးရာအိုးစည်တီးပြီး မီးရှူးမီးပန်း အဖွဲ့  စေတီတော်အား ပူဇော်နေပုံ

ရှမ်းအိုးစည်တီးပြီး မီးရှူးမီးပန်းအဖွဲ့ ကို စောင့်နေပုံ

အပြည့်အစုံသို့...

Friday, August 8, 2008

AGAINST Fashion Shop ဖွင့်လှစ်ခြင်း.. သို့အမှတ်တရ

ပတ္တမြားမြေ မိုးကုတ်မြို့ တွင်ယနေ့ခေတ်လူငယ်ကြိုက်များဖြစ်သော Punk & Emo အ၀တ်အထည်ဆိုင်ကို ၈.၈.၂၀၀၈ နေ့တွင် မိုးကုတ်မြို့ အမှတ်-(ခ/၂၀၃) အင်းနှုတ်ခမ်းလမ်း တွင်
AGAINST Fashion Shop နာမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။မိုးကုတ်မြို့ နေလူငယ်တစ်စု မှဖွင့်လှစ်သည်ဟုသိရသည်..." ကျွန်တော်တို့ ဆိုင်က ပစ္စည်းတွေကရန်ကုန်လိုမြို့ကြီးမှာရှိတဲ့ဆိုင်တွေက

ဈေးနှုန်းအတိုင်းရောင်းတယ်အစ်ကို ...မြို့ကလူငယ်တွေကို ဒီဇိုင်း ဆန်းဆန်းလေး တွေဝတ်စေချင်လို့" ဟု ဆိုင်အဖွဲ့ဝင်လူငယ်တစ်ဦးက ပြောပြသွားသည်။လာရောက်အားပေးတဲ့လူငယ်တွေကတော့
"ဒီမှာ ဒီလိုဆိုင်လေး ရှိလာတော့ အရမ်းဝမ်းသာတယ် ဈေးလဲ ချိုတယ် မန္တလေး ရန်ကုန်ကို မှာစရာမလိုဘူးပေါ့ဗျာ" ကျေနပ်အပြုံးလေးများနဲ့ အိမ်ပြန်သွားခဲ့ကြတယ်.အင်းမိုးကုတ် က

လူငယ်တွေအတွက်ကြည့်ပေးတတ်တဲ့ ရောင်းရင်းများကိုနှုတ်ဆက်ပြီး....လုပ်စရာလေးရှိတာလုပ်ပြီးအိမ်ပြန်ခဲ့တယ်..စိတ်ထဲမှာတော့ ပီတိအပြုံးလေးနဲ့ပေါ့ ။

















အပြည့်အစုံသို့...

Monday, January 14, 2008

မိုးကုတ်မြို့ရဲ့ ညဆည်းဆာ အလှ



အခုတလော မိုးကုတ်မြို့ရဲ့ ဓါတ်ပုံလေးတွေကို လိုက်ရှာရင်း ခုပုံလေးတွေကို တွေ့လို့ တင်ပေးလိုက်ပါတယ်။ မိုးကုတ်မြို့လေးကို ခွဲခွာပြီး အခြားတစ်နေရာရာကို ရောက်နေကြတဲ့ အဝေးရောက် သူငယ်ချင်းများအားလုံးအတွက် မိုးကုတ်အလွမ်းပြေ ပေါ့ဗျာ…
နောက် မိုးကုတ်မြို့ကို မရောက်ဖူးသေးကြတဲ့ အနယ်နယ်အရပ်ရပ်က ဘော်ဒါအပေါင်းအသင်းများအားလုံးလည်း မိုးကုတ်ရဲ့ ညဆည်းဆာအလှလေးကို ခံစားနိုင်ပါစေလို့….

ဓါတ်ပုံအတွက် ကူညီပေးခဲသော ကျွန်တော့ရဲ့ ချစ်ကိုကြီး ကိုကိုဦး အား အထူးကျေးဇူးတင်ရှိပါတယ်

အပြည့်အစုံသို့...