မိုးကုတ်မြို့  မင်းဘုရားတောင် ချမ်းသာကြီး မြတ်စွာဘုရား ရာပြည့်  ပွဲတော်အထိမ်းအမှတ် ရွှေသားအတိ စေတီတော်နှင့် ငွေသားအတိစေတီတော်
နှစ်ဆူအား မြို့ နေလူထု အများကောင်းမှုကြောင့် စေတီတော်နှစ်ဆူအား သွန်းလုပ် ပြီးစီးခဲ့ ပြီး ဖြစ်ပါ သည်။ ရွှေစေတီတော် နှင့် ငွေစေတီတော် မြတ် နှစ်ဆူအား
(၁၅.၁.၂၀၀၉)ရက်နေ့တွင် မိုးကုတ်မြို့ တွင်းသို့ လှည့် လည်ပူဇော်ခံခဲ့ပါသည်။ စေတီတော်နှစ်ဆူအား မြို့ တွင်း ပူဇော်ခံ ရာတွင် ဒေသခံတိုင်းရင်းသား
များက ရတနာပုံ ၀င်း ၊ ပုဂံဝင်း ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု ၀င်း၊ ပလောင်တိုင်းရင်းသား ၀င်း ၊ လီဆူ ၊ ဂေါ်ရခါး ယဉ်ကျေးမှုအဖွဲ့ နှင့် သက်ဆိုင်ရာ အဖွဲ့ အသီးသီး
မှ ၀င်းအလှ ခင်း၍ စေတီတော် နှစ်ဆူအား မြို့ တွင်းသို့ လှည့်လည် အပူဇော်ခံ ခဲ့ပါသည်။ (၁၆.၁.၂၀၀၉) ရက်နေ့တွင် မိုးကုတ်မြို့  ကျပ်ပြင်အနောက်ပိုင်းသို့ လည်း
ပူဇော်ခံ ကြွခဲ့ပါသည်။
မိုးကုတ်မြို့ ၏ မင်းဘုရားတောင်ချမ်းသာကြီး မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ရာပြည့် ပွဲတော်အား ဤနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်
ပါသည်။ ဤနှစ်၏ ထူးခြားချက်မှာ ပွဲတော် (၁၀)့ ရက်ကျင်းပ၍ ပထမ (၅) ရက်အား ဆရာတော်ဥူးသုမင်္ဂလ မှ မိုးကုတ်ဝိပဿနာ တရားရေအေး (၅) ရက်တိုက်ကျွေးမည်
ဟု လည်းသိရပါသည်။ ပွဲတော် အတွင်းတွင် ပျော်ပွဲ ရွင်ပွဲနှင့် မီးရှုးမီးပန်းအလှ များ ဇာတ်သဘင် ..နှင့် မြန်မာ့ ခြင်း ၊ ချောတိုင်ပြိုင်ပွဲ ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများလည်း စည်
ကားစွာ ကျင်းပမည်ဟုသိရပါသည်။
Mais uma do índio sem cavalo
12 years ago
2 comments:
ဟိုနေ့ကသေချာမကြည့်ရဘူး ခုမှပဲသေချာကြည့်ရတယ်
တမြို့လုံး အုပ်အုပ်ကြွက်ကြွက်ပဲဗျာ။
လာလည်ချင်လိုက်တာ။
တချို့ဝတ်စုံတွေဆို မြင်တောင် မမြင်ဖူးသေးဘူး။
မရောက်ပေမယ့် မြင်ရသိရစေတဲ့အတွက် ကျေးဇူးဗျာ။
Post a Comment