Thursday, December 11, 2008

မင်းဘုရားတောင် ချမ်းသာကြီးမြတ်စွားဘုရား ဗုဒ္ဓပူဇနိယ ပွဲတော် နှစ်တစ်ရာပြည့်ပြီ

မိုးကုတ်မြို့ မင်းဘုရားတောင် ချမ်းသာကြီး မြတ်စွားဘုရားကြီး ဗုဒ္ဓပူဇနိယနှင့် မြို့ နယ်လုံးကျွတ်သံဃာတော်များအား ဖျာပုံဆွမ်းလောင်း ပွဲတော်သည်လာမည့်
တပို့တွဲလတွင် နှစ်တစ်ရာ ပြည့်ခဲ့ပြီဖြစ်ပါသည်။(၁၂၇၀) ခုနှစ်တွင် စတင်ကျင်းပခဲ့သော ဤဗုဒ္ဓပူဇနိယ ပွဲတော်သည် ယခုနှစ် (၁၃၇၀ )တွင် နှစ်တစ်ရာ တင်းတင်းပြည့်ခဲ့ပြီဖြစ်လေသည်။
ရာပြည့် ပွဲတော် အတွက် ရွှေစင်သားအတိ စေတီတော် နှင့် ငွေသားအတိ စေတီတော် နှစ်ဆူကို ပန်းတိမ်ပညာ ရှင်များနှင့် သွန်းလုပ်ပူဇော် လျက်ရှိပါသည်။
ငွေစေတီတော် တစ်ဆူမှာ သွန်းလုပ်ပြီးစီကြောင်းသိရသည်....ရွှေစေတီတော်မှာ ဆက်လက်သွန်းလုပ်ပူဇော်လျှက်ရှိကြောင်း ဂေါပကအဖွဲ့  တာဝန်ရှိလူကြီးများက ပြောပြပါသည်။
ချမ်းသာကြီး စေတီတော်မြတ်ကြီးကိုလည်း ရွှေသင်္ကန်းကပ်လှူပူဇော် လျက်ရှိသည်...တပို့တွဲအမှီ ကပ်လှူလျက်ရှိပါသည်။ စေတီတော်ကြီး၏ စိန်ဖူးတော်ကို လည်း အများပြည်သူ အနီးကပ်
ဖူးမျှော်ခွင့် ရနိုင်ရန်အတွက် အာရုံခံအတွင်း တွင် ပူဇော်ခံလျက်ရှိပါသည်။
ရာပြည့်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် မြို့ မိမြို့ ဖ နှင့် ဂေါပကလူကြီး များ တိုင်ပင်ဆွေးနွေးရန် ရက်မသတ်မှတ်ရသေးကြောင်းသိရသည်...ပွဲတော်
ရက်အား ပြောင်းလဲခြင်းတော့မရှိကြောင်းသိရသည် အရင်ကျင်းပရက် တပို့တွဲလဆန်း (၁၁) ရက်မှာ (၁၅)ရက်ထိ နှစ်စဉ် ကျင်းပသည့် အတိုင်း ကျင်းပမည်ဟုသိရသည်။ယခုနှစ် ရာပြည့်
ပွဲတော် အရင်နှစ်များနှင့်မတူ တမူထူးခြားမည် ဖြစ်ကြောင်း သိရသည်....
ဤ ရာပြည့်ပွဲတော် အတွက် အထူးခြားဆုံး တစ်ခု အဖြစ် ရွှေစေတီ နှင့် ငွေစေတီ သွန်းလုပ်ချိန်အတွင်း အများပြည်သူများပါဝင် ကုသိုလ်ရရှိနိုင်ရန်အတွက် နှစ်တစ်ရာပြည့်ပွဲ
တော်အမှီ ပါဝင်လှူဒါန်းနိုင်ရန်အတွက် ကျွန်တော်တို့ RUBYLAND GROUP မှ နိဗ္ဗာန် အကျိုးမျှော်၍ နိုးဆော်လိုက်ရပါသည်။



ရွှေစေတီ ငွေစေတီ တော်အတွက် နိုးဆော် ထားပုံ
ချမ်းသာကြီး စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား အာရုဏ်ခံအတွင်း ပူဇော်ခံထားပုံ
ရွှေစင်သားအစစ် ရွှေစေတီ အား ဆက်လက် သွန်းလုပ် ပူဇော်လျှက်ရှိသည်။
သွန်းလုပ်ပြီးစီးသွားသော ငွေစေတီ တော်
ရွှေသင်္ကန်း ကပ်လှူပူဇော် နေ သော ချမ်းသာကြီးစေတီတော်မြတ်

အပြည့်အစုံသို့...