Showing posts with label တိုးတက်ရေး. Show all posts
Showing posts with label တိုးတက်ရေး. Show all posts

Tuesday, January 1, 2008

နှစ်သစ်အတွက် အားအင်များ

Don’t carry your head too high, the door is low.

ဘ၀တံခါးကို “ပညာ” သော့နဲ့ဖွင့်

ကိုယ့်ဘ၀ ကိုယ်သိ ကိုယ်အားကိုယ်ကိုး

မင်းရဲ့လုပ်ရပ်တန်ဖိုးဟာ မင်းဘ၀ရဲ့တန်ဖိုးပဲ

မင်းဟာ လူဆိုတာသိလား…? လူပီသအောင်ကြိုးစား

စက်ဝိုင်းမှာ ရည်ရွယ်ချက်ရှိရသလို မင်းမှာလဲ ရည်ရွယ်ချက်ရှိရမယ်

အခက်အခဲဆိုတာ မင်းမှာ မရှိရင် အောင်မြင်မှုရာဇ၀င်မရှိနိုင်ဘူး

အောင်မြင်မှုသည် ချိုမြိန်၏။ သို့သော် ၄င်း၏လျို့ဝှက်ချက်ကား “ချွေး”

အမှန်မြင်သည့်တိုင်အောင် အမှန်အတိုင်းမလုပ်ခြင်းသည် သတ္တိနည်းခြင်းဘဲ

သူ့လိုဖြစ်ချင်ရင် သူ့လိုတော်အောင်ကြိုးစား

ပျင်းရိခြင်းသည် ပင့်ကူမျှင်များဖြင့် စတင်ပြီး သံကြိုးကြီးများနှင့် နိဂုံးချုပ်ရတယ်

လူ့ဘ၀မှာ အောင်မြင်မှုထက် တန်ဖိုးရှိသူဖြစ်ဖို့ ပိုအရေးကြီးတယ်

မှားချင်မှားပါစေ မမိုက်ပါနဲ့

နာရီလက်တံလေးတွေကိုကြည့်
စက်ချို့ယွင်းလို့ပဲဖြစ်ဖြစ် ဓါတ်အားကုန်လို့ပဲဖြစ်ဖြစ်
ဘယ်တော့မှ နောက်ပြန်မသွားဘူး

ဆက်လျှောက် ဆက်လျှေက် ရပ်မနေနဲ့ ရပ်နေရင်ကျော်သွားလိမ့်မယ်

ပိုက်ဆံဆိုတာ လူ့သိက္ခာလောက် တန်ဖိုးမရှိပါ

လူဆိုတာ ချောဖို့မလိုဘူး စိတ်ထားကောင်းဖို့ပဲ လိုတယ်

ခရုလိုလည်းမနှေး သမင်လိုလည်းမမြန် ပုံမှန်လေးသာ ကြိုးစားပါ

အလုပ်ကို လက်နဲ့မလုပ်နဲ့ ဥာဏ်နဲ့လုပ်

သူများ အပြစ်ကို ပြောနေတာဟာ ကိုယ့်အပြစ်ကို ဖုံးကွယ်နေတာပဲ

မှင်တစ်စက်သည် လူတစ်သန်းကို စဉ်းစားအောင်လုပ်နိုင်သည်

မိဘဆိုတာ ပန်းပျိုးလက် ဆရာဆိုတာ ပန်းပိုးသတ်သည့်လက်

အလင်းရောင်ကိုလိုချင်ရင် အပူဒဏ်တော့ခံရမှာပဲ

ဘ၀ဆိုတာ မာရသွန်ပြေးပွဲ ဆက်ပြေး မုချနိုင်ရမယ်

အသီးသီးတဲ့အပင် ခဲပစ်ခံရတယ်
အလုပ်လုပ်တဲ့သူ ဝေဖန်ခံရတယ်
ဒါကြောင့် တစ်စုံတစ်ယောက်က ကိုယ့်ကိုဝေဖန်ပြီဆိုရင်
ကိုယ် အလုပ်တွေလုပ်နေတယ်ဆိုတာ အသိအမှတ်ပြုတာပါပဲ


နှစ်သစ်မှာ အောင်မြင်မှုများ ရရှိကြပါစေ.....။

အပြည့်အစုံသို့

အပြည့်အစုံသို့...