Showing posts with label မျှဝေခြင်းပါ. Show all posts
Showing posts with label မျှဝေခြင်းပါ. Show all posts

Friday, October 31, 2008

Better Gmail 2

ဒီ better Gmail 2 ကတော့ mozilla firefox တစ်ခုထဲမှာသာ အသုံးပြုလို့ရတဲ့ add-ons တစ်ခု ဖြစ်ပါတယ်။ ဒီ add-ons လေးကို အသုံးပြုနေသူများလည်း ရှိသလို အသုံးမပြုရသေးသူတွေလည်း ရှိမှာပါ။ မြန်မာပြည်မှာ ဆိုရင် gmail ထဲဝင်ဖို့ အတွက်ကား http ကို s ထည့် ထည့်ပေးနေရပါတယ်။ ဒီ add-ons လေးကို အသုံးပြုလိုက်ရင်တော့ Gmail ၀င်လိုက်တိုင်း http နောက်မှာ s ကို လိုက်လိုက် ထည့်ပေးစရာ မလိုတော့ပါဘူး။ပြီးတော့ အရင် အသုံးပြုနေကျ Gamil တွေထက် background ဒီဇိုင်း ပိုလှလာပါတယ်။



Step 1
better Gmail 2 0.7 ကို download ရပါမယ်။ googleက search boxမှာလည်း better gmail 2 လို့ ရိုက်ထည့်ပြီး ရှာလို့ ရပါတယ်။ ဒါမှ မဟုတ်ရင်လည်း ဒီ https://addons.mozilla.org/en-US/firefox/addon/6076 မှာ Better Gmail 2 0.7 ခေါင်းစဉ်အောက်က Add to Firefox ဆိုတာလေးကို click နှိပ်ပြီး download လုပ်လိုက်ပါ။




Step 2
Add to Firefox ကို download လုပ်တဲ့အခါ နောက်ထပ် windows တစ်ခု တက်လာပါလိမ့်မယ်။ install ကို click ပြီးလို့ install loading ပြည့်သွားတဲ့အခါ restart firefox ကို click ထပ်ပေးရပါမယ်။


Step 3
restart ချပြီး firefox ပြန်တက်လာတဲ့အခါ firefox menu ထဲက Tools ကို သွားပါ။ Tools ထဲက add-ons ကို ၀င်လိုက်ပါ။ ဒီ windows လေး ပေါ်လာပါလိမ့်မယ်။ အဲ့ဒီထဲမှာမှ Extensions tab လေးဆီ သွားပါ။ Better Gmail 2 0.7 ကို တွေ့ပါလိမ့်မယ်။ သူ့ options ထဲကို ၀င်လိုက်ပါ။




Step 4
ပုံတွင် ပြထားသည့်အတိုင်း အမှန်ခြစ်လေးတွေ လိုက်ဖြည့်ပါ။







Step 5
အားလုံးဖြည့်ပြီးပြီ ဆိုရင်တော့ ok ပေါ့ဗျာ။ ပြီးလျှင် add-ons windows လေးကို ပိတ်လိုက်ပါ။



Step 6
mozilla firefox ရဲ့ address bar မှာ http://www.google.com ကို ရိုက်လိုက်ပါ။ ပြီးလျှင် Gmail ကို ၀င်ကြည့်ပါ။ Access has been denied ပေါ်လာလျှင် ခဏ စောင့်ကြည့်လိုက်ပါ။ install လုပ်ထားတဲ့ add-ons အလုပ် လုပ်တယ်ဆိုလျှင် http:// က https:// အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပါလိမ့်မယ်။user name and passward ရိုက်ထည့်ပြီးလို့ အောက်ပါပုံအတိုင်း loading လုပ်ခဲ့တယ်ဆိုရင်တော့ better Gmail 2 ကို install လုပ်တာ အောင်မြင်သွားပါပြီ။



အားလုံးပဲ အမြင်သစ်နဲ့ Gmail သုံးကြပါစို့။

အပြည့်အစုံသို့...

Sunday, December 23, 2007

စားကျက်ပျောက်သွားတဲ့မြို့လေး

ကျွန်တော့ကိုမွေးဖွားပေးခဲ့တဲ့ ဟောဒီတောင်ပေါ်မြို့လေးဟာတော်တော်အေးချမ်းပြီးနေလို့ကောင်းတဲ့မြို့လေးပေါ့.....ငယ်စဉ်အခါကဆိုချယ်ရီပန်းလေးတွေဝေဆာနေတယ်လေဆောင်းတွင်းဆိုရင် မြူနှင်းမှုန်တွေနဲ့ လမ်းလျှောက်ကျောင်းသွားရတာအမောပေါ့.....မြို့လေးဟာ တောင်ပတ်လည် ၀ိုင်းနေပြီးဒယ်အိုးလေးနဲ့တူတယ်လို့ တင်စားကြတယ်လေမိုးရာသီဆိုလဲ ...ထီးလေးနဲ့ကျောင်းသွားပြီး ကျောင်းပြန်လာရင် မိုးရွာမှုကြောင့် လမ်းပေါ်မှာကျောက်လေးတွေ သူ့ဟာနဲ့သူ ပေါ်နေတယ်လေ...ဒါလေးတွေကိုကလေးတွေက လမ်းမပေါ်က ကျောက်ကိုကောက်ပြီး ကျောက်ရောင်းတန်းကစားကြတာ ခုထိသတိရမိတယ်...... ၀ါတွင်းတွေမှာဆိုလည်း ဘုရားကျောင်းကန်တွေမှာ လူတွေသီလယူကြတာအပြည့်ပေါ့...၀ိပဿနာတရားစခန်းတွေဟာ တစ်သုတ်ပြီးတသုတ်ဖွင့်လှစ်ကြတယ်...ဒီလိုအေးချမ်းလှပတဲ့ တောင်ပေါ် မြို့လေးကို ဖျက်ဆီးဖို့ဝင်လာတာ ၁၉၉၀ နှောင်းပိုင်းလောက်မှာ ဖက်စပ်လို့ခေါ်တဲ့ အကျိုးတူတွေဝင်လားပြီးတော့ ....မြို့လေးကို ဖျက်ဆီးလိုက်ကြတယ်လေ..။။အဲဒီမှာ ...အလင်းဝင်အဖွဲ့ အစည်းတွေ ဒီအခုမှ တိုင်းရင်းသားထဲကောက်သွင်းထားတဲ့ ဗမာ စကားမတတ်တဲ့လူတွေက မြို့ပေါ်မှာရှိတဲ့ တောင်လေးတွေကို စတင်ဖျက်ဆီးတော့တယ်လေ..... အေးချမ်းလှပတဲ့ ကျွန်တော်တို့ မြို့လေးဟာ ခုဆိုရင် တော်တော်လေးကိုပျက်ဆီးနေပြီလေ... ကြည့်ပါလားသူတို့တွေက တောင်တွေကိုလည်းပင်းညစ်ပြီးအတင်းအဓမ္မ္မ္မ္မကျောက်တွေကိုထွေးထုတ်ခိုင်းနေတယ်လေ....အင်ဂျင်အားကြီးတဲစက်တွေ....မြေကော်စက်တွေနဲ့ တောင်လေးတွေကို ဖြိုနေကြတယ်လေ...တောင်တွင်မကသေးဘူးကျောက်တူးတွင်းသမားလေးတွေကိုလည်း ဗမာစကားမတတ်တဲ့ ပေါလံကြီးတွေက ခေါင်းပုံဖြတ်တာလွန်ပါရောဗျာ....သူတို့တွေလုပ်တာကိုထိုင်ကြည့်နေတဲ့လူကြီးတွေကတော့ တိုက်တွေကားတွေနဲ့ပေါ့....ဒီဖက်စပ်ပေါင်းစုံက နှိပ်စက်လို့ မြို့လေးထဲ ကိုဖြတ်သန်းစီးဆင်းနေ တဲ့ ရေနီချောင်းလေးဟာ မှုံတွေပိတ်ပြီးတော့မြို့နေလူထုရဲ့ အိမ်တွေဟာတော်တော်ပျက်ဆီးသွားကြတယ်လေ.....ဒီမြို့ကလူတွေကတော့ ဘာတတ်နိုင်မှာလဲ....စီးပွားရေးဆိုလဲ အရင်ကလောက်မကောင်းတော့ဘူး ..လို့ ကုန်သည်အချို့ ပွဲစားအချို့ က ညည်းငြူနေတဲ့အသံကတော့ ထာပွဲ ထဲမှာ ပုဇင်းယင်ကွဲအော်သလိုပါဘဲ...မြို့ထဲကလူတွေဟာ ဘာလုပ်ရ ကိုင်ရမှန်းမသိဘဲ တနယ်ခြား တနိုင်ငံခြားမှာ အလုပ်တွေလုပ်ကြရတယ်လေ...ကိုယ့်မြို့မှာမှ ဘာအလုပ်မှမရှိတာလို့ ပြောတိုင်းတော်တော်စိတ်မကောင်းဖြစ်ရတယ်ဗျာ....အရင်က ကမ္ဘာကသိတဲ့ ကျွန်တော်တို့မြို့လေးဟာ ခုဆိုရင်ပေါလံကြီးတွေ ခေါင်းပုံဖြတ်ခံနေရတဲ့မြို့လေးပေါ့...... တကယ်ဆိုကိုယ့်အရှေ့မှာမြင်နေပါရက်နဲ့ မစားရတာတော့ တော်တော်လွန်မယ်လို့ထင်တယ်ဗျာ.....သြော်...စားကျက်ပျောက်တဲ့မြို့လေး.......
ကိုအောင်ချမ်းသာမှ ယူပါသည်
အပြည့်အစုံသို့

အပြည့်အစုံသို့...