ဒီ better Gmail 2 ကတော့ mozilla firefox တစ်ခုထဲမှာသာ အသုံးပြုလို့ရတဲ့ add-ons တစ်ခု ဖြစ်ပါတယ်။ ဒီ add-ons လေးကို အသုံးပြုနေသူများလည်း ရှိသလို အသုံးမပြုရသေးသူတွေလည်း ရှိမှာပါ။ မြန်မာပြည်မှာ ဆိုရင် gmail ထဲဝင်ဖို့ အတွက်ကား http ကို s ထည့် ထည့်ပေးနေရပါတယ်။ ဒီ add-ons လေးကို အသုံးပြုလိုက်ရင်တော့ Gmail ၀င်လိုက်တိုင်း http နောက်မှာ s ကို လိုက်လိုက် ထည့်ပေးစရာ မလိုတော့ပါဘူး။ပြီးတော့ အရင် အသုံးပြုနေကျ Gamil တွေထက် background ဒီဇိုင်း ပိုလှလာပါတယ်။
Step 1
better Gmail 2 0.7 ကို download ရပါမယ်။ googleက search boxမှာလည်း better gmail 2 လို့ ရိုက်ထည့်ပြီး ရှာလို့ ရပါတယ်။ ဒါမှ မဟုတ်ရင်လည်း ဒီ https://addons.mozilla.org/en-US/firefox/addon/6076 မှာ Better Gmail 2 0.7 ခေါင်းစဉ်အောက်က Add to Firefox ဆိုတာလေးကို click နှိပ်ပြီး download လုပ်လိုက်ပါ။
Step 2Add to Firefox ကို download လုပ်တဲ့အခါ နောက်ထပ် windows တစ်ခု တက်လာပါလိမ့်မယ်။ install ကို click ပြီးလို့ install loading ပြည့်သွားတဲ့အခါ restart firefox ကို click ထပ်ပေးရပါမယ်။

Step 3
restart ချပြီး firefox ပြန်တက်လာတဲ့အခါ firefox menu ထဲက Tools ကို သွားပါ။ Tools ထဲက add-ons ကို ၀င်လိုက်ပါ။ ဒီ windows လေး ပေါ်လာပါလိမ့်မယ်။ အဲ့ဒီထဲမှာမှ Extensions tab လေးဆီ သွားပါ။ Better Gmail 2 0.7 ကို တွေ့ပါလိမ့်မယ်။ သူ့ options ထဲကို ၀င်လိုက်ပါ။

Step 4
ပုံတွင် ပြထားသည့်အတိုင်း အမှန်ခြစ်လေးတွေ လိုက်ဖြည့်ပါ။




Step 5
အားလုံးဖြည့်ပြီးပြီ ဆိုရင်တော့ ok ပေါ့ဗျာ။ ပြီးလျှင် add-ons windows လေးကို ပိတ်လိုက်ပါ။
Step 6
mozilla firefox ရဲ့ address bar မှာ http://www.google.com ကို ရိုက်လိုက်ပါ။ ပြီးလျှင် Gmail ကို ၀င်ကြည့်ပါ။ Access has been denied ပေါ်လာလျှင် ခဏ စောင့်ကြည့်လိုက်ပါ။ install လုပ်ထားတဲ့ add-ons အလုပ် လုပ်တယ်ဆိုလျှင် http:// က https:// အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပါလိမ့်မယ်။user name and passward ရိုက်ထည့်ပြီးလို့ အောက်ပါပုံအတိုင်း loading လုပ်ခဲ့တယ်ဆိုရင်တော့ better Gmail 2 ကို install လုပ်တာ အောင်မြင်သွားပါပြီ။

အားလုံးပဲ အမြင်သစ်နဲ့ Gmail သုံးကြပါစို့။
အပြည့်အစုံသို့...
အစသို့...
မြန်မာသက္ကရာဇ် ၁၃၇၀ သီတင်းကျွတ် ပွဲတော် အားမိုးကုတ်မြို့  ပြည်သူများက ပျော်ရွင်စွာဆင်နွဲခဲ့ကြပုံအား..ကျွန်တော်တို့ ပတ္တမြားမြေ ညီအစ်ကိုများမှ တင်ပြလိုက်ရပါသည်။ ကျွန်တော့် အားအမြဲပူဆာသော ညီလေး ဂီတာ နှင့် ညီလေး သားဖြိုး တို့က အစ်ကို မိုးကုတ်သီတင်းကျွတ်ပုံတွေ တင်ပေးပါဆိုလို့ ကျွန်တော် တင်ပြလိုက်ရပါတယ်...သီတင်းကျွတ် ပွဲတော် ပထမနေ့ ကစပြီးတင်ဖို့ လုပ်ခဲ့သော ဤဓါတ်ပုံများအား အကြောင်းအမျိုးမျိုးကြောင့်နောက်ကြခဲ့ရပါသည်........အဝေးရောက် မိုးကုတ်သူ မိုးကုတ်သားများအတွက် ရည်ရွယ်ပြီး တင် ပြလိုက်ရပါသည်။ ငယ်ငယ်ကအတန်းဖတ်စာထဲမှာတင်ခဲ့ရတလို သီတင်းကျွတ်ရောက်ပြီ မီးပုံးပျံလွတ်ကြရအောင်ဆိုပြီး အားရပါးရအော်ဆိုခဲ့ကြတာ ကို ရင်ထဲမှာမှတ်မိ နေမိတယ်....ကြီးလာတော့ လဲ ကိုကိုယ်တိုင်က မီးပုံပျံတွေလွတ်ခဲ့ကြတယ်.....ခုဆိုကျွန်တော်တို့ တိုင်းပြည်က စီးပွားရေး ကြပ်တည်း နေတာတောင် ဘာသာ ထုံးတမ်းအစဉ်အလာရ ဘုရားမီးပူဇော်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြတယ် ....ဒီအချိန်သူတို့ရင်ထဲမှာ က အားလုံးအတွက် ကောင်းမှုကုသိုလ်လုပ်ခဲ့ကြတယ်.... ကျွန်တော်တို့မိုးကုတ်မြို့ မှာ သီတင်းကျွတ်ပွဲတော်ကြီး စည်ကားသိုက်မြိုက်ပုံကို တင်ပြလိုက်ရပါတယ်..
မြို့ ကျက်သရေဆောင်ချမ်းသာကြီးမြတ်စွာဘုရား

့ ဘုရားရင်ပြင်တော်တွင် သူ့ထက်ငါဦးအောင် လာဖူးကြသူများ
အာရုဏ်ခံအတွင်းဝတ်ပြု နေသူများ

ဖောင်တော်ဦးမြတ်စွားဘုရား ၏ သပ္ပာယ်ပုံ



အဝေးကမြင်နေရသော ဆီးမီးပူဇော်ပုံ

ဘီးတောင် စူဌာမဏိစေတီတော် ဆီမီးပူဇော်ထားပုံ

ရှင်ဥပက္ကုတ် ဖောင်တော် ဆီမီးပူဇော်ပုံ

မြို့ လေးကိုအပေါ်စီးက မြင်နေရသောပုံ

မြို့ ထဲလမ်းမှာလဲ ဒီလိုစည်နေတယ်

လူငယ်တစ်စုရဲ့  ပျော်ပါးစွာမီးပုံးပျံလွှတ်နေကြပုံ


အပြည့်အစုံသို့...
အစသို့...
မိုးစက်တွေက အင်းလေး၏ ရင်ခွဲထဲသို့ ဓားမြောင်တစ်ချောင်းလို ထိုးစိုက်ဆင်းလာနေသည်။မိုးစက်၊မိုးပွင့်များ၏
နောက်တွင် မိုးသီး ၊ မိုးပေါက်တွေက အုပ်စုဖွဲ့ ပျံသန်းလာကြည်။ အင်းကလေးက အကာအကွယ်မဲ့မှုနှင့် နာကျင်ဝေဒနာကို
တပြိုက်ခံစားရင်း လှိုင်းထသွားခဲ့၏ ။ တိမ်မဲတွေအဝေး ရွေ့ သွားသည့်အခါ နေရောင်က ပိကဆင်းပြီး အင်းရေပြင်ကို ငုံ့နမ်း
သည်။
သည်မြို့လေး၏ ဟောသည်ဗဟိုချက်မမှာ အင်းကလေးသာရှိမနေခဲ့ဘူးဆိုရင် မြို့ကလေး၏ အဓိပ္ပါယ်မှာ ပေါ့ပျက်
ပျက် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ဟိုယခင်ကတော့ သည်နေရာလေးမှာ တောအုပ်တွေ၊ လယ်ကွင်းတွေရှိနေခဲ့သည်။
ဗြိတိသျှတွေမြို့ ကလေးထဲဝင်လာပြီး သိပ်မကြာ နိုင်ငံခြားကုမ္ပဏီတွေ ရောက်လာပြီး တာအုပ်တွေကိုရှင်းသည်။
လယ်ကွင်းတွေကို ဖျက်သည်။ခေတ်မှီစက်ကိရိယာများနှင့် ထိုးကြ၊ ဆွကြ တူးကြ ဖော်ကြရင်း ကျောက်မျက်ရတနာများကို
ထုတ်ယူသွားကြသည်။ နောက်ဆုံး မြို့လူထု လက်ခံရရှိလိုက်တာက နက်နဲကျယ်ဝန်းသည့် ရေအင်းကလေးပဲ ဖြစ်သည်။
မြို့ လူထုကအင်းကလေးကို မြတ်နိုးတွယ်တာနေခြင်းမှာ ခေတ်အဆက်ဆက်က မြို့သူ မြို့ သားတွေ ငိုခဲ့ကြတဲ့
မျက်ရည်တွေအငွေ့ခံပြီး ငွေ့ရည်ဖွဲ့ကာ အင်းကလေးရင်ခွင်ထဲသို့ မိုးစက်တွေအဖြစ် ပြန်လည်ခိုဝင်လာ၍လည်း ဖြစ်တန်ရာ
သည်။ အင်းကလေး၏ ရေလှိုင်းခတ်သံတွေ က သူတို့ကိုယ်စား ငိုရှိုက်နေ သယောင်ယောင်.....။
ပြီးခဲ့တဲ့နှစ်က မြို့ကလေးမှာ မိုးရေချိန်မြင့်ပြီး မိုးတွေသဲသဲမဲမဲ ရွာချခဲ့သည်။ရေနီချောင်းဘောင်တွေကျိုးကျကာ
အင်းကလေးရင်ခွင်ထဲ သဲတွေ မုန်တွေ တစ်အုပ်တစ်မကြီး ပြိုဆင်းလာခဲ့သည်။တဖြည်းဖြည်းနှင့် အင်းကလေး၏ နယ်နမိတ်
က ကျဉ်းမြောင်းလာခဲ့သည်။ တစ်နေ့နေ့တစ်ချိန်မှာ မြို့ကလေးမှ ရေအင်းကလေး ကွယ်ပျာက်မသွားဘူး လို့ ဘယ်သူမှ
'အာမခံ' မခံနိုင်။အင်းကလေး ရင်ဘတ်ပေါ်မှာ လူနေ ရပ်ကွက်တွေ ဖြစ်ပေါ်လာနိုင်သလို ကျောက်မျက်ရှာဖွေသည့် ဖက်စပ်
တွေလည်း ရောက်ရှိလာနိုင်သည်။
ရာသီဥတု သာယာပြီး ချမ်းသာကြီးဘုရား ပုံရိပ်တွေ အင်းကလေးထဲ ထိုးဆင်းနေသည့် တစ်နေ့မှာ မျက်နှာစိမ်း
တစ်ယောက် အင်းကလေး နှုတ်ခမ်းပေါ် ဆိုက်ကပ်လာခဲ့သည်။လူပုံက မျက်လုံးမျက်ဆံကောင်းကောင်း နှင့် အရပ်ခပ်ပျက်
ပျက်ထဲကဖြစ်သည်။ မျက်လုံးတွေ က ပညာတတ်ပြီး၊ မာနကြီးသယောင် သူက အဝေးမြို့ကလေးသို့ တစ်နှစ်တစ်ကြိမ်ရောက်
လာတတ်သည်။သူက ရွှေကြောကြီးတစ်ခု ရှာဖွေသလို အင်းကလေး၏ မ်းစပ်မှမခွဲနိုင်မခွာနိုင်ဖြစ်နေသည်။ကမ်းစပ်ရှိ သဲမွမွများ
နှင့် ရောနေသည့် ရောင်စုံကျောက်ပွင့်ကလေးများကို စိတ်ရှည်လက်ရှည် ပွတ်သပ်ပြီး အားကောင်းသည့် မှန်ဘီလူးတစ်လက်ဖြင့်
စိတ်အားထက်သန်စွာ ကြည့် နေသည်။ သူစိတ်ဝင်စားသည့် ရောင်စုံကျောက်တစ်ချို့ ကိုတွေ့လျှင် ပုလင်းသေးသေးလေးထဲ
ထည့် ထားသည်။စိတ်ကြိုက် ကျောက်တစ်ပွင့် တွေ့တိုင်း မျက်လုံးတွေက စိန်ပွင့် တစ်ပွင့်လိုအရောင်တစ်ဖျပ်ဖျပ်ဝင်းပသွားသည်။
သူက ကျောက်မျက်မျိုးသစ်တွေနောက် အငမ်းမရ လိုက်နေသည့် ကျောက်မျက်မုဆိုး တစ်ယောက် ဖြစ်သည်။
သည်တစ်ခါ ကျောက်ကောင်းတစ်ပွင့်တွေ့လျှင် သူနာမည်ပေးဖို့ စိတ်ကူးထား၏ ။သူ့မှတ်စု စာအုပ်လေးထဲတွင် ကျောက်မျက်မျိုး
ဆက်သစ်များနှင့် ပတ်သက်ပြီးမှတ်တမ်းမှတ်ရာတွေ ရှိသည်။ ပိန်းနှိုက်၊ တာဖီအိုက်၊ဂျိုဟာဂျီးဒိုလိုက်၊မော်ဂင်နိုက် စသည့်ရှားပါး
ကျောက်များ၏ ပုံဆောင်ခဲ ၊အောင်းဝင် ၊မာဆင့် ၊ ကျောက်အရည်အသွေးများကို စိတ်ထဲစွဲအောင် မှတ်သားထားသည်။ကျောက်
မျက်သစ်တစ်ပွင့်တွေ့လျှင် ရရှိမည့်ငွေးကြေးက မက်မောစရာကောင်းသည်။ပြီးတော့သူ့နာမည်က ဟိုးဟိုးကျော်သွားနိုင်သည်။
သူ့စိတ်ကူးက သည်မြို့ကလေးမှာ ကျောက်မျက်နှင့် ပတ်သက်ပြီး မြူစီယံတစ်ခုဖွင့်ဖို့ဖြစ်သည်။ယခု တော့အကောင်အထည် မ
ဖော်နိုင်သေးပေ။တစ်နေ့နေ့ ဖြစ်ရမည်ဟူသော ဇွဲစိတ်ဖြင့် ကျောက်မျက်သစ်များကို သူ အငမ်းမရရှာဖွေနေခြင်းဖြစ်သည်။လက်
ထောက်ကထိကကြီးက သဲပွများကို ကြက်တစ်ကောင်လိုစိတ်ကြိုက်ထိုးဖွ ပြီး မိုတယ်လေးဘက်ထွက်ခွါသွားခဲ့သည်။
မိုတယ်က အင်းနှုတ်ခမ်းပေါ်မေးတင်ပြီး ဆောက်လုပ်ထားခြင်းဖြစ်သည်။ပြီးခဲ့သည့်လေး ငါးနှစ်ကတော့ ဆေးရောင်
တောက်တောက်တွေနှင့် သစ်လွင်ဝင်းပနေခဲ့၏။ ယခုတော့ နေထိပန်းတစ်ပွင့်လို ဟောင်းနွမ်းနေခဲ့ပြီ။မှောင်မိုက်သောညမှာ
မိုတယ်ပေါ်မှ စုံတွဲတစ်တွဲ ကမ်းစပ်ခုံရှည်ပေါ်ဆင်းလာခဲ့သည်။ အမျိုးသားက အသက်ခပ်လတ်လတ် ကျောက်ကုန်သည်တစ်
ယောက်ဖြစ်သည်။နဖူးကပြာင် အသားကမည်းပြီးမျက်နှာမှာလည်း ကျောက်ပေါက်မာတွေက မလှမပကျဲပက်ထား၏ ။အမျိုးသမီး
ငယ်က သူ့ဘေးက အမျိုးသာကြီးနှင့် ဘယ်လိုမှ မလိုက်ဖက်လှအောင် ချောမောနုပျိုလွန်းလှသည်။ တစ်ယောက်နှင့်တစ်ယောက်
တင်းကြပ်နေအောင် ပွေ့ဖက်ထားပြီး အလင်းရောင်မရှိသည့် ကောင်းကင်ကြီးကိုမော့ကြည့်နေကြ၏။သိပ်မကြာခင် ကောင်မလေး
ထံမှ ရှိုက်သံတချို့  ထွက်ကျလာပြီး အမျိုးသားကြီးက အမျိုးမျိုးချော့မော့နှစ်သိမ့်ကာမိုတယ် လေးဆီသို့ ပြန်လည်ခေါ်ဆောင်သွား
ခဲ့သည်။
သုံးရက်လောက်ကြာတော့ အင်းကလေး၏ ချောင်ကျကျ တစ်နေရာမှာ မြို့ကလူတွေ စုရုံးစုရုံး ဖြစ်နေသည်။အင်းထဲမှာ
အလောင်းတစ်လောင်းပေါ်နေလို့တဲ့။ကောင်မလေးက သိပ်စိတ်မပြည့်ဘူးတဲ့။မိဘ တွေနဲ့ကတောက်ကဆဖြစ်ပြီး အင်းထဲခုန်ချသွား
တာတဲ့။ ဒီအင်းက တစ်နှစ်တစ်ယောက်လူစားတယ်တဲ့။အဲဒီကမ်းစပ်နားမှာ ကာရာအိုကေ ပိုင်ရှင်ကြီးကလည်း ရောက်ရှိနေသည်။
သူ့မျက်လုံးတွေက အဝေးကို ငေးမောပြီး ပုစ္ဆာတစ်ပုဒ်ကို တွက်ချက်နေဟန်တူသည်။
မိုတယ်နှင့်မလှမ်းမကမ်း ကမ်းစပ်ရေပြင်ပေါ်တွင် စားသောက်ဆိုင်တစ်ခုဖွင့်ထား၏။ ထို"ဆည်းဆာရိပ်" စားသောက်ဆိုင်
ပိုင်ရှင်မှာ တောင့်တောင့်ဖြောင့်ဖြောင့် အပျိုကြီးတစ်ယောက်ဖြစ်သည်။ နေညိုလာလျှင်လာရောက် အပန်းဖြေသူများနှင့် စည်ကားနေ
တတ်သည်။ "ဆည်းဆာရိပ်" စားသောက်ဆိုင်ထဲသို့ တာဝန်တစ်ခုပမာ ညတိုင်း ရောက်လာတတ်သူမှာ မြို့ကလေး၏ တစ်ဦးတည်း
သောဝေဖန်ရေးဆရာဖြစ်သည်။မြို့ကလေးတွင် အခြားဝတ္ထုတို ဆရာများ ၊ ဆောင်းပါးဆရာများရှိသော်လည်း ဘယ်သူနှင့်မျှ အရော
မ၀င်ဘဲ တစ်သီးတစ်သန့် နေထိုင်တတ်သူဖြစ်သည်။သူက ကဗျာနှင့်ပတ်သက်သော အတတ်ပညာပိုင်းဆိုင်ရာ ဆောင်းပါးတွေ ရေး
ခဲ့ပေမဲ့ နောက်တော့ဘာသာရေးဘက် ရောက်သွား၏။ဝေဖန်ရေးဆရာက သူ၏ကလောင် အမည်ကို မသိမှု၏ နယ်နမိတ်တစ်ခုဆီ
ချန်ထားရစ်ခဲ့သည်။
ဝေဖန်ရေးဆရာက အသင့်ယူလာသောစာအုပ်ကို သူ့မျက်မှန်ထူထူနားကပ်ကာ အားစိုက် ဖတ်နေသည်။စာအုပ်ဖတ်ရင်း
ဒေါသခိုးတွေ တစ်ရှိန်းရှိန်းတောက်လောင်လာနေသည်။သူစိတ်မထိမ်းနိုင်ပဲ စာအုပ်လေးကို အင်းရေထဲပစ်ထည့်လိုက်၏။ "ဖွတ်...
ဖွတ် အလကားကောင်။စာကလေး တစ်တိုနှစ်တိုဆိုပြီးအခြောက်တိုက် ဘ၀င်မြင့်နေတာ သူ့ကိုယ်သူများ ဗြိစ္ဆာရာသီဖွားတဲ့။
တစ်ယောက်တည်း တစ်သီးတစ်သန့် နေတတ်တာတဲ့။ သင်္ချိုင်းကုန်းမှာ သုဘရာဇာ လုပ်နေတာအကောင်းဆုံးပဲ ဟေ့! "
ဟု ဝေဖန်ရေးဆရာက မကျေနပ်ချက် သံစုံတီးဝိုင်းကြီးကို တဗြောင်ဗြောင်တီးခတ်နေတော့၏ ။ပါးစပ်ကလည်းပြော လက်ကလည်း
အရက်ခွက်ကို တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေတော့၏။ တဖြည်းဖြည်း ဝေဖန်ရေးဆရာ မျက်နှာကစားပွဲ့နှင့် မိတ်ဆက်သွား၏။
" ဒီနေ့ညဟာ ကျွန်မတို့ ဆည်းဆာရိပ် ရဲ့  ဆည်းဆာမင်္ဂလာ ဧည့်ခံပွဲပါ။မိတ်ဆွေတို့ စိတ်ကြိုက်သုံးဆောင် နိုင်ပါတယ်ရှင်" ဟူသော
အပျိုကြီးမမ၏ ညုတုတု အသံကိုလည်း သူကြားနိုင်စွမ်းတော့မည် မဟုတ်ပေ။
အင်းကလေး၏ အရှေ့ဘက် ရေနက်ပိုင်းတွင် ရှင်ဥပဂုတ္တ ဖောင်တော်ရှိသည်။ဖောင်ပေါ်တွင် စောင်းတန်းနှင့် ပြသာဒ်တစ်ခု
ရှိပြီး တစ်ချို့နေရာတွင် ငါးစာကြွေးသူများနှင့် စည်ကားနေတတ်၏။ ရှင်ဥပဂုတ္တ ဖေါင်ပေါ်သို့ တစ်ပတ်တစ်ခါ ရောက်လာတတ်သူမှာ
ကျောင်းဆရာလေး ကိုအေးကြူဖြစ်သည်။သူက စိတ်အဆင့်ဆင့်မြင့်တက်နည်း စာအုပ်လေးဘေးချပြီး အကျအနထိုင်ကာ သူချစ်သော
မအိနြေ္ဒထံ စိတ်ကို ပို့လွတ်နေတတ်သည်။
" ချစ်သော မအိနြေ္ဒ ၊ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေကို မင်းဆီပို့လွတ်နေပါတယ် ၊ လက်ခံရရှိပါသလား ။ချစ်သော မအိနြေ္ဒ ၊
ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို မင်းဆီပို့လွှတ်နေပါတယ်၊လက်ခံရရှိပါသလား။?
ကျောင်းဆရာလေးက မိနစ်(၂၀) လောက်စိတ်လေ့ကျင့်ခန်းတွေလုပ်ပြီး အင်းရေပြာလဲ့လဲ့ကို ငေးငေးမောမော ကြည့်သည်။
"တစ်နေ့တော့ မင်းကို့ကိုနားလည်လာမှာပါ။ " ဟု တိုးတိုးဖွဖွ ပြောသည်။သူငယ်ချင်းများနှင့် တွေ့လျှင်မျက်လုံးချင်း စကားပြောပြီးပြီဟု
ဝင့်ဝင့်စားစား ပြောတတ်သည်။
အင်းကလေး နှင့် အရင်းနှီးဆုံးမိတ်ဆွေမှာ မြို့ကလေး၏ ပုဂ္ဂိုလ်ကျော် ဆိုကရေးတီးဖြစ်သည်။ဆိုကရေးတီး က သူ့နောက်
လိုက်နောက်ပါများနှင့် အင်းကလေးအနီးမကြာခဏ ရောက်လာတတ်သည်။အင်းဘေးခုံပေါ်တွင် ခါးထောက်ရပ်ကာ နေ၀င်နေထွက်
ကိုစိတ်ဝင်တစား ရှုစားတတ်သည်။အခြားတစ်ယောက်နှင့် စကားပြောတိုင်း ဒါ သဘာဝဓမ္မတာပါ ဟု မကြာခဏ ထည့်ပြောတတ်သေး
၏။ လောက၏ အကောင်းအဆိုး အဖြစ်အပျက်မှန်သမျှသည် သဘာဝတရားအောက်မှာ သာ ချုပ်ငြိမ်းရမည်ဟု အယူအဆရှိသူဖြစ်သည်။
အင်းကလေးဘေး လူစည်းကားသည့် တစ်ရက်မှာ ဆိုကရေးတီးမထင်မှတ်ဘဲ အင်းရေထဲ "ဗြုန်း" ကနဲ ခုန်ချလိုက်သည်။
ပထမတော့ လူတွေမင်သက်မိပြီး ကြောင်စီစီ ဖြစ်နေကြသည်။ နောက်မှ သတိဝင်လာပြီး ရေကူးတတ်သည့် လူများ ဆင်းဆယ်လိုက်ရ
၏။ ဆိုကရေးတီး က ရင်ခေါင်းထဲ ရေတွေဝင်ကာ တဖူးဖူး ဖြစ်နေတော့သည်။ " မင်း နှယ်ကွာ ကြံကြီးစည်ရာ ဘာစိတ်ကူးနဲ့များ ရေ
ထဲခုန်ချ လိုက်ရတာလဲ ရေကနက်ကနက်သနဲ့ " ဟု ပြောတော့ "ဒီ အင်းက ကျွန်တော့ အရင်းနှီးဆုံးမိတ်ဆွေပဲ ၊ တစ်နှစ်တစ်ယောက်
လူစားနေတယ်လို့ ပြောပြောနေတာ မခံချင်လို့ ဟုတ်မဟုတ်စမ်းကြည့်တာ ။" လူတွေဘာမှ ဆက်မပြောနိုင်လောက်အောင် တတ်ဆိတ်
ငြိမ်သက်သွားကြသည်။
နေသာသည့် တစ်ရက်မှာ အင်းလေးနားသို့ ဆိုကရေးတီး ရောက်လာ၏။ ဆိုကရေးတီးက လှိုင်းလေ ငြိမ်သက်နေသည့် အင်း
ရေပြင်ကို ခပ်စူးစူးကြည့်ပြီး တဟားဟား ရယ်မောနေတော့သည်။ရယ်လို့ အားရမှ ရေပြင်နားကပ်ခါ ခပ်တိုးတိုး ပြောလိုက်သည်။
" ရေမွမ်းတော့ မခံဘူးဟေ့ ၊ အဆိပ်ခွက်ပဲသောက်တော့မယ် "
ဆိုကရေးတီး က အင်းရေပြင်ကို ကျောခိုင်းကာ မြို့ကလေးထဲသို့ ပြန်လည်တိုးဝင်သွားခဲ့သည်။
အပြည့်အစုံသို့...
အစသို့...



မိုးကုတ်မြို့ ရှမ်းစုရပ်-ရွေကူကြီးဘုရားလမ်း တွင် မိုးကုတ်မြို့ဧ။်(၄)ဆိုင်မြောက်အင်တာနက်ဆိုင်ကို ၂၀.၈.၀၈တွင် ဖွင့်လှစ်ခဲ့သည်။မိုးကုတ်မြို့တွင် အင်တာနက်သုံးသူဦးရေ သည်တစ်ရက်ထပ်တစ်ရက်တိုးပွားနေသည်ကိုမြင်ရ မိသောကြောင့် ၀မ်းသာမိပါသည်။
အပြည့်အစုံသို့
အပြည့်အစုံသို့...
အစသို့...
၁၆.၈.၂၀၀၈ မိုးကုတ်မြို့  ဘော်ဗဒန်းကျေးရွာတွင် ည ၁၀နာရီ၄၅မိနစ်အချိန် တောင်တွန်းမှုကြောင့် လူ(၆)ဦးသေဆုံးခဲ့သည်။မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ယခုလိုဖြစ်ရခြင်းဖြစ်သည်။ညတွင်း
ချင်း အလောင်းတစ်လောင်း ရှာဖွေတွေ့  ရှိသဖြင့် မိုးကုတ် မြို့ နယ်ပြည်သူ့ဆေးရုံကြီး သို့ ကျေးရွာနေလူများက ချက်ချင်းပို့ ဆောင်လိုက်သည်ဟုသိရသည်။အိမ် (၅)လည်းပျက်စီးဆုံးရှုံးသွားသည်။
၁၇.၈.၀၈ နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှ အလောင်း ၅ လောင်းအားရှာတွေ့ခဲ့သည်။ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး (၂)ဦးပါဝင်သည်ဟု ရွာခံများက ပြောဆိုသည်။ယခုပြိုသောတောင်သည်
ဘော်ဗဒန်းကျေးရွာ ၏ အနောက်ဘက်တွင် တည်ရှိသည် လူနေအိမ်များနှင့် ကိုက် (၁၅၀၀)ကွာဝေးသည် ။

ဒီတောင်ကနေ စတင် ပြိုတာလေ

ကိုက်(၁၅၀၀)ဝေးတဲ့ လူနေအိမ်ထိရောက်လာတယ်

သူတို့အလောင်းကို ဒီနေရာမှာတွေ့ခဲ့တယ်

အပြည့်အစုံသို့...
အစသို့...
ပတ္တမြားမြေ မိုးကုတ်မြို့ တွင်ယနေ့ခေတ်လူငယ်ကြိုက်များဖြစ်သော Punk & Emo အ၀တ်အထည်ဆိုင်ကို ၈.၈.၂၀၀၈ နေ့တွင် မိုးကုတ်မြို့ အမှတ်-(ခ/၂၀၃) အင်းနှုတ်ခမ်းလမ်း တွင်
AGAINST Fashion Shop နာမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။မိုးကုတ်မြို့ နေလူငယ်တစ်စု မှဖွင့်လှစ်သည်ဟုသိရသည်..." ကျွန်တော်တို့ ဆိုင်က ပစ္စည်းတွေကရန်ကုန်လိုမြို့ကြီးမှာရှိတဲ့ဆိုင်တွေက
ဈေးနှုန်းအတိုင်းရောင်းတယ်အစ်ကို ...မြို့ကလူငယ်တွေကို ဒီဇိုင်း ဆန်းဆန်းလေး တွေဝတ်စေချင်လို့" ဟု ဆိုင်အဖွဲ့ဝင်လူငယ်တစ်ဦးက ပြောပြသွားသည်။လာရောက်အားပေးတဲ့လူငယ်တွေကတော့
"ဒီမှာ ဒီလိုဆိုင်လေး ရှိလာတော့ အရမ်းဝမ်းသာတယ် ဈေးလဲ ချိုတယ် မန္တလေး ရန်ကုန်ကို မှာစရာမလိုဘူးပေါ့ဗျာ" ကျေနပ်အပြုံးလေးများနဲ့ အိမ်ပြန်သွားခဲ့ကြတယ်.အင်းမိုးကုတ် က
လူငယ်တွေအတွက်ကြည့်ပေးတတ်တဲ့ ရောင်းရင်းများကိုနှုတ်ဆက်ပြီး....လုပ်စရာလေးရှိတာလုပ်ပြီးအိမ်ပြန်ခဲ့တယ်..စိတ်ထဲမှာတော့ ပီတိအပြုံးလေးနဲ့ပေါ့ ။
အပြည့်အစုံသို့...
အစသို့...