ဒီ better Gmail 2 ကတော့ mozilla firefox တစ်ခုထဲမှာသာ အသုံးပြုလို့ရတဲ့ add-ons တစ်ခု ဖြစ်ပါတယ်။ ဒီ add-ons လေးကို အသုံးပြုနေသူများလည်း ရှိသလို အသုံးမပြုရသေးသူတွေလည်း ရှိမှာပါ။ မြန်မာပြည်မှာ ဆိုရင် gmail ထဲဝင်ဖို့ အတွက်ကား http ကို s ထည့် ထည့်ပေးနေရပါတယ်။ ဒီ add-ons လေးကို အသုံးပြုလိုက်ရင်တော့ Gmail ၀င်လိုက်တိုင်း http နောက်မှာ s ကို လိုက်လိုက် ထည့်ပေးစရာ မလိုတော့ပါဘူး။ပြီးတော့ အရင် အသုံးပြုနေကျ Gamil တွေထက် background ဒီဇိုင်း ပိုလှလာပါတယ်။
Step 1
better Gmail 2 0.7 ကို download ရပါမယ်။ googleက search boxမှာလည်း better gmail 2 လို့ ရိုက်ထည့်ပြီး ရှာလို့ ရပါတယ်။ ဒါမှ မဟုတ်ရင်လည်း ဒီ https://addons.mozilla.org/en-US/firefox/addon/6076 မှာ Better Gmail 2 0.7 ခေါင်းစဉ်အောက်က Add to Firefox ဆိုတာလေးကို click နှိပ်ပြီး download လုပ်လိုက်ပါ။
 Step 2
Step 2Add to Firefox ကို download လုပ်တဲ့အခါ နောက်ထပ် windows တစ်ခု တက်လာပါလိမ့်မယ်။ install ကို click ပြီးလို့ install loading ပြည့်သွားတဲ့အခါ restart firefox ကို click ထပ်ပေးရပါမယ်။

Step 3
restart ချပြီး firefox ပြန်တက်လာတဲ့အခါ firefox menu ထဲက Tools ကို သွားပါ။ Tools ထဲက add-ons ကို ၀င်လိုက်ပါ။ ဒီ windows လေး ပေါ်လာပါလိမ့်မယ်။ အဲ့ဒီထဲမှာမှ Extensions tab လေးဆီ သွားပါ။ Better Gmail 2 0.7 ကို တွေ့ပါလိမ့်မယ်။ သူ့ options ထဲကို ၀င်လိုက်ပါ။

Step 4
ပုံတွင် ပြထားသည့်အတိုင်း အမှန်ခြစ်လေးတွေ လိုက်ဖြည့်ပါ။




Step 5
အားလုံးဖြည့်ပြီးပြီ ဆိုရင်တော့ ok ပေါ့ဗျာ။ ပြီးလျှင် add-ons windows လေးကို ပိတ်လိုက်ပါ။
Step 6
mozilla firefox ရဲ့ address bar မှာ http://www.google.com ကို ရိုက်လိုက်ပါ။ ပြီးလျှင် Gmail ကို ၀င်ကြည့်ပါ။ Access has been denied ပေါ်လာလျှင် ခဏ စောင့်ကြည့်လိုက်ပါ။ install လုပ်ထားတဲ့ add-ons အလုပ် လုပ်တယ်ဆိုလျှင် http:// က https:// အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပါလိမ့်မယ်။user name and passward ရိုက်ထည့်ပြီးလို့ အောက်ပါပုံအတိုင်း loading လုပ်ခဲ့တယ်ဆိုရင်တော့ better Gmail 2 ကို install လုပ်တာ အောင်မြင်သွားပါပြီ။

အားလုံးပဲ အမြင်သစ်နဲ့ Gmail သုံးကြပါစို့။
အပြည့်အစုံသို့...
အစသို့...
 
 
မြန်မာသက္ကရာဇ် ၁၃၇၀ သီတင်းကျွတ် ပွဲတော် အားမိုးကုတ်မြို့  ပြည်သူများက ပျော်ရွင်စွာဆင်နွဲခဲ့ကြပုံအား..ကျွန်တော်တို့ ပတ္တမြားမြေ ညီအစ်ကိုများမှ တင်ပြလိုက်ရပါသည်။ ကျွန်တော့် အားအမြဲပူဆာသော ညီလေး ဂီတာ နှင့် ညီလေး သားဖြိုး တို့က အစ်ကို မိုးကုတ်သီတင်းကျွတ်ပုံတွေ တင်ပေးပါဆိုလို့ ကျွန်တော် တင်ပြလိုက်ရပါတယ်...သီတင်းကျွတ် ပွဲတော် ပထမနေ့ ကစပြီးတင်ဖို့ လုပ်ခဲ့သော ဤဓါတ်ပုံများအား အကြောင်းအမျိုးမျိုးကြောင့်နောက်ကြခဲ့ရပါသည်........အဝေးရောက် မိုးကုတ်သူ မိုးကုတ်သားများအတွက် ရည်ရွယ်ပြီး တင် ပြလိုက်ရပါသည်။ ငယ်ငယ်ကအတန်းဖတ်စာထဲမှာတင်ခဲ့ရတလို သီတင်းကျွတ်ရောက်ပြီ မီးပုံးပျံလွတ်ကြရအောင်ဆိုပြီး အားရပါးရအော်ဆိုခဲ့ကြတာ ကို ရင်ထဲမှာမှတ်မိ နေမိတယ်....ကြီးလာတော့ လဲ ကိုကိုယ်တိုင်က မီးပုံပျံတွေလွတ်ခဲ့ကြတယ်.....ခုဆိုကျွန်တော်တို့ တိုင်းပြည်က စီးပွားရေး ကြပ်တည်း နေတာတောင် ဘာသာ ထုံးတမ်းအစဉ်အလာရ ဘုရားမီးပူဇော်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြတယ် ....ဒီအချိန်သူတို့ရင်ထဲမှာ က အားလုံးအတွက် ကောင်းမှုကုသိုလ်လုပ်ခဲ့ကြတယ်.... ကျွန်တော်တို့မိုးကုတ်မြို့ မှာ သီတင်းကျွတ်ပွဲတော်ကြီး စည်ကားသိုက်မြိုက်ပုံကို တင်ပြလိုက်ရပါတယ်..
မြို့ ကျက်သရေဆောင်ချမ်းသာကြီးမြတ်စွာဘုရား

့  ဘုရားရင်ပြင်တော်တွင် သူ့ထက်ငါဦးအောင် လာဖူးကြသူများ
့ ဘုရားရင်ပြင်တော်တွင် သူ့ထက်ငါဦးအောင် လာဖူးကြသူများ
 အာရုဏ်ခံအတွင်းဝတ်ပြု နေသူများ

 ဖောင်တော်ဦးမြတ်စွားဘုရား ၏ သပ္ပာယ်ပုံ



 အဝေးကမြင်နေရသော ဆီးမီးပူဇော်ပုံ

 ဘီးတောင် စူဌာမဏိစေတီတော် ဆီမီးပူဇော်ထားပုံ

 ရှင်ဥပက္ကုတ် ဖောင်တော် ဆီမီးပူဇော်ပုံ

မြို့ လေးကိုအပေါ်စီးက မြင်နေရသောပုံ

မြို့ ထဲလမ်းမှာလဲ ဒီလိုစည်နေတယ်

 လူငယ်တစ်စုရဲ့  ပျော်ပါးစွာမီးပုံးပျံလွှတ်နေကြပုံ


 
အပြည့်အစုံသို့...
အစသို့...