Wednesday, October 15, 2008

ပတ္တမြားမြေမှ သီတင်းကျွတ်ညချမ်း

မြန်မာသက္ကရာဇ် ၁၃၇၀ သီတင်းကျွတ် ပွဲတော် အားမိုးကုတ်မြို့  ပြည်သူများက ပျော်ရွင်စွာဆင်နွဲခဲ့ကြပုံအား..ကျွန်တော်တို့ ပတ္တမြားမြေ ညီအစ်ကိုများမှ တင်ပြလိုက်ရပါသည်။ ကျွန်တော့် အားအမြဲပူဆာသော ညီလေး ဂီတာ နှင့် ညီလေး သားဖြိုး တို့က အစ်ကို မိုးကုတ်သီတင်းကျွတ်ပုံတွေ တင်ပေးပါဆိုလို့ ကျွန်တော် တင်ပြလိုက်ရပါတယ်...သီတင်းကျွတ် ပွဲတော် ပထမနေ့ ကစပြီးတင်ဖို့ လုပ်ခဲ့သော ဤဓါတ်ပုံများအား အကြောင်းအမျိုးမျိုးကြောင့်နောက်ကြခဲ့ရပါသည်........အဝေးရောက် မိုးကုတ်သူ မိုးကုတ်သားများအတွက် ရည်ရွယ်ပြီး တင် ပြလိုက်ရပါသည်။ ငယ်ငယ်ကအတန်းဖတ်စာထဲမှာတင်ခဲ့ရတလို သီတင်းကျွတ်ရောက်ပြီ မီးပုံးပျံလွတ်ကြရအောင်ဆိုပြီး အားရပါးရအော်ဆိုခဲ့ကြတာ ကို ရင်ထဲမှာမှတ်မိ နေမိတယ်....ကြီးလာတော့ လဲ ကိုကိုယ်တိုင်က မီးပုံပျံတွေလွတ်ခဲ့ကြတယ်.....ခုဆိုကျွန်တော်တို့ တိုင်းပြည်က စီးပွားရေး ကြပ်တည်း နေတာတောင် ဘာသာ ထုံးတမ်းအစဉ်အလာရ ဘုရားမီးပူဇော်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြတယ် ....ဒီအချိန်သူတို့ရင်ထဲမှာ က အားလုံးအတွက် ကောင်းမှုကုသိုလ်လုပ်ခဲ့ကြတယ်.... ကျွန်တော်တို့မိုးကုတ်မြို့ မှာ သီတင်းကျွတ်ပွဲတော်ကြီး စည်ကားသိုက်မြိုက်ပုံကို တင်ပြလိုက်ရပါတယ်..

မြို့ ကျက်သရေဆောင်ချမ်းသာကြီးမြတ်စွာဘုရား

့ ဘုရားရင်ပြင်တော်တွင် သူ့ထက်ငါဦးအောင် လာဖူးကြသူများ အာရုဏ်ခံအတွင်းဝတ်ပြု နေသူများ
ဖောင်တော်ဦးမြတ်စွားဘုရား ၏ သပ္ပာယ်ပုံ


အဝေးကမြင်နေရသော ဆီးမီးပူဇော်ပုံ
ဘီးတောင် စူဌာမဏိစေတီတော် ဆီမီးပူဇော်ထားပုံ
ရှင်ဥပက္ကုတ် ဖောင်တော် ဆီမီးပူဇော်ပုံ

မြို့ လေးကိုအပေါ်စီးက မြင်နေရသောပုံ
မြို့ ထဲလမ်းမှာလဲ ဒီလိုစည်နေတယ် လူငယ်တစ်စုရဲ့  ပျော်ပါးစွာမီးပုံးပျံလွှတ်နေကြပုံ

0 comments: