Friday, October 31, 2008

Better Gmail 2

ဒီ better Gmail 2 ကတော့ mozilla firefox တစ်ခုထဲမှာသာ အသုံးပြုလို့ရတဲ့ add-ons တစ်ခု ဖြစ်ပါတယ်။ ဒီ add-ons လေးကို အသုံးပြုနေသူများလည်း ရှိသလို အသုံးမပြုရသေးသူတွေလည်း ရှိမှာပါ။ မြန်မာပြည်မှာ ဆိုရင် gmail ထဲဝင်ဖို့ အတွက်ကား http ကို s ထည့် ထည့်ပေးနေရပါတယ်။ ဒီ add-ons လေးကို အသုံးပြုလိုက်ရင်တော့ Gmail ၀င်လိုက်တိုင်း http နောက်မှာ s ကို လိုက်လိုက် ထည့်ပေးစရာ မလိုတော့ပါဘူး။ပြီးတော့ အရင် အသုံးပြုနေကျ Gamil တွေထက် background ဒီဇိုင်း ပိုလှလာပါတယ်။



Step 1
better Gmail 2 0.7 ကို download ရပါမယ်။ googleက search boxမှာလည်း better gmail 2 လို့ ရိုက်ထည့်ပြီး ရှာလို့ ရပါတယ်။ ဒါမှ မဟုတ်ရင်လည်း ဒီ https://addons.mozilla.org/en-US/firefox/addon/6076 မှာ Better Gmail 2 0.7 ခေါင်းစဉ်အောက်က Add to Firefox ဆိုတာလေးကို click နှိပ်ပြီး download လုပ်လိုက်ပါ။




Step 2
Add to Firefox ကို download လုပ်တဲ့အခါ နောက်ထပ် windows တစ်ခု တက်လာပါလိမ့်မယ်။ install ကို click ပြီးလို့ install loading ပြည့်သွားတဲ့အခါ restart firefox ကို click ထပ်ပေးရပါမယ်။


Step 3
restart ချပြီး firefox ပြန်တက်လာတဲ့အခါ firefox menu ထဲက Tools ကို သွားပါ။ Tools ထဲက add-ons ကို ၀င်လိုက်ပါ။ ဒီ windows လေး ပေါ်လာပါလိမ့်မယ်။ အဲ့ဒီထဲမှာမှ Extensions tab လေးဆီ သွားပါ။ Better Gmail 2 0.7 ကို တွေ့ပါလိမ့်မယ်။ သူ့ options ထဲကို ၀င်လိုက်ပါ။




Step 4
ပုံတွင် ပြထားသည့်အတိုင်း အမှန်ခြစ်လေးတွေ လိုက်ဖြည့်ပါ။







Step 5
အားလုံးဖြည့်ပြီးပြီ ဆိုရင်တော့ ok ပေါ့ဗျာ။ ပြီးလျှင် add-ons windows လေးကို ပိတ်လိုက်ပါ။



Step 6
mozilla firefox ရဲ့ address bar မှာ http://www.google.com ကို ရိုက်လိုက်ပါ။ ပြီးလျှင် Gmail ကို ၀င်ကြည့်ပါ။ Access has been denied ပေါ်လာလျှင် ခဏ စောင့်ကြည့်လိုက်ပါ။ install လုပ်ထားတဲ့ add-ons အလုပ် လုပ်တယ်ဆိုလျှင် http:// က https:// အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပါလိမ့်မယ်။user name and passward ရိုက်ထည့်ပြီးလို့ အောက်ပါပုံအတိုင်း loading လုပ်ခဲ့တယ်ဆိုရင်တော့ better Gmail 2 ကို install လုပ်တာ အောင်မြင်သွားပါပြီ။



အားလုံးပဲ အမြင်သစ်နဲ့ Gmail သုံးကြပါစို့။

0 comments: