Wednesday, October 8, 2008

မိုးကုတ်မြို့  တွင် တတိယ အကြိမ်မြောက်ရေ ကြီးခြင်း

အင်းရေနဲ့တပြေးတည်းဖြစ်နေတဲ့ မြို့ လယ်လမ်း

ဆုံးရှုံးသွားတဲ့ အိမ်လေး
ဘောလုံးကွင်းနားက လမ်းတွေလည်းရေတွေဝင်လို့
ရေတွေလျှံနေတယ်
ရေနီချောင်းက အိမ်ထဲကိုဖြတ်စီးနေတယ်

ယနေ့ (၈.၁၀.၂၀၀၈) နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့  တွင် ရေကြီးခြင်း တတိယအကြိမ်ဖြစ်ပေါ်ခဲ့သည်။ဖြစ်ပွားမှုမှာ ရေနီချောင်းတာရိုးကျိုးခြင်းမှအိမ်တစ်လုံး ဆုံးရှုံးခဲ့ပါသည်။

မိုးရာသီတွင် မိုးကုတ်မြို့  ၏ ဆုံးရှုံးမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုကြီးလာပါသည်။ တာဝန်ရှိလူကြီးများလည်း ဤပြဿနာအား နောက်နှစ်
တွင်ဘယ်လို ဖြေရှင်းမလဲဆိုတာကို တော့ ယခုထိမသိရှိရသေးပါ။ အဓိကတော့ ရေနီချောင်းကျိုး ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း၊ ရေနီချောင်းမှ မုံများ မဆည်ခြင်း။
တို့ကြောင့်ဖြစ်ပေါ်လာရသည်ဟု မြို့ ခံလူထုများက ပြောဆိုလျှက်ရှိပါသည်။ ရေနီချောင်းကျိုးခြင်းမှာလဲ အကျိုးတူဖက်စပ်များမှ ထွက်သော ရေဆိုးများကြောင့် ရေနီချောင်း
မုံများပြည့်လျှံလာရခြင်းဖြစ်ပါသည်။
တကယ်လို့ နောက်နှစ် မိုးရာသီတွင် မိုးကုတ်မြို့ တွင် ဘယ်လောက်ဆုံးရှုံးမှုတွေဖြစ်ပေါ်လာအုံးမလဲဆိုတာ မြို့ နေလူထုမှ ရင်တမမ နှင့် စောင့်ကြည့်လျှက်ရှိပါသည်။

0 comments: